ဘုရားသခင်/၏ အစေခံများ/ကို တံဆိပ်ခတ်ခြင်း
7
ထို့နောက် ကမ္ဘာ/မြေကြီး/အရပ်လေးမျက်နှာ/တွင် ရပ်နေသော ကောင်းကင်တမန်/လေးပါး/ကို ကျွန်ုပ်/မြင်ရ၏။ သူတို့/သည် မြေကြီး၊ ပင်လယ်/နှင့် သစ်ပင်များ/ပေါ်သို့ လေမတိုက်/စေရန် အရပ်လေးမျက်နှာ/မှ လေတို့/ကို ထိန်းချုပ်/ထားကြ၏။ 2 ထို့နောက် အသက်ရှင်တော်မူသော ဘုရားသခင်/၏ တံဆိပ်/ကို/ကိုင်/လျက် အရှေ့/အရပ်/မှ တက်လာသော ကောင်းကင်တမန်/တစ်ပါး/ကို ကျွန်ုပ်/မြင်ရ၏။ မြေကြီး/နှင့်/ပင်လယ်/ကို ဖျက်ဆီး/ရန်/အတွက် အခွင့်အာဏာ/ရရှိထားသော ကောင်းကင်တမန်/လေးပါး/အား သူ/က ကျယ်လောင်/စွာ ကြွေးကြော်သည်/မှာ 3 “ဘုရားသခင်/၏/အစေခံတို့/ကို နဖူး/၌/တံဆိပ်/မခတ်/မီ/အထိ မြေကြီး၊ ပင်လယ်/နှင့် သစ်ပင်တို့/ကို မဖျက်ဆီးနှင့်” ဟူ၍/ဖြစ်၏။4 ထို့နောက်/တံဆိပ်/ခတ်/ခံရသော/သူတို့/၏ အရေအတွက်/ကို ကျွန်ုပ်/ကြားသိရ၏။ အစ္စရေး/မျိုးနွယ်စု/အသီးသီး/ထဲမှ တစ်သိန်း/လေးသောင်း/လေးထောင်/တို့/သည် တံဆိပ်/ခတ်နှိပ်ခံရ၏။
5 ယုဒ/အနွယ်/ထဲမှ တစ်သောင်း/နှစ်ထောင်၊
ရုဗင်/အနွယ်/ထဲမှ တစ်သောင်း/နှစ်ထောင်၊
ဂဒ်/အနွယ်/ထဲမှ တစ်သောင်း/နှစ်ထောင်၊
6 အာရှာ/အနွယ်/ထဲမှ တစ်သောင်း/နှစ်ထောင်၊
နဿလိ/အနွယ်/ထဲမှ တစ်သောင်း/နှစ်ထောင်၊
မနာရှေ/အနွယ်/ထဲမှ တစ်သောင်း/နှစ်ထောင်၊
7 ရှိမောင်/အနွယ်/ထဲမှ တစ်သောင်း/နှစ်ထောင်၊
လေဝိ/အနွယ်/ထဲမှ တစ်သောင်း/နှစ်ထောင်၊
ဣသခါ/အနွယ်/ထဲမှ တစ်သောင်း/နှစ်ထောင်၊
8 ဇာဗုလုန်/အနွယ်/ထဲမှ တစ်သောင်း/နှစ်ထောင်၊
ယောသပ်/အနွယ်/ထဲမှ တစ်သောင်း/နှစ်ထောင်၊
ဗင်္ယာမိန်/အနွယ်/ထဲမှ တစ်သောင်း/နှစ်ထောင်/တို့/သည်
အသီးသီး တံဆိပ်/ခတ်နှိပ်/ခံကြရ၏။
ကြီးမားသော/ဒုက္ခဆင်းရဲ/ကို ဖြတ်ကျော်ခဲ့သော ဘုရားသခင်/၏/လူမျိုး
9 ထို့နောက် ကျွန်ုပ်/ကြည့်လိုက်/ရာ မည်သူမျှ/မရေတွက်/နိုင်သော လူအုပ်ကြီး/ရှိ၏။ သူတို့/သည် တိုင်းနိုင်ငံ/အသီးသီး၊ မျိုးနွယ်စု/အသီးသီး၊ လူမျိုး/အသီးသီး/နှင့် ဘာသာစကား/အသီးသီး/ပြောသည့်/သူများ/မှ ဖြစ်ကြ၏။ သူတို့/သည် ဝတ်ရုံဖြူ/ကို ဝတ်ဆင်/လျက် လက်များ/၌ စွန်ပလွံခက်များ/ကို/ကိုင်/၍ ရာဇပလ္လင်တော်/နှင့် သိုးသငယ်တော်/ရှေ့၌ ရပ်နေကြ၏။ 10 သူတို့/က
“ရာဇပလ္လင်တော်/ပေါ်တွင် ထိုင်တော်မူသော ငါတို့/၏/ဘုရားသခင်/နှင့်
သိုးသငယ်တော်/တို့/သည်
ငါတို့/ကို ကယ်တင်တော်မူပြီ”
ဟူ၍ ကျယ်လောင်/စွာ ကြွေးကြော်ကြ၏။ 11 ကောင်းကင်တမန်/အပေါင်းတို့/သည် ရာဇပလ္လင်တော်၊ အကြီးအကဲများ/နှင့် သတ္တဝါလေးပါးတို့/၏ ပတ်လည်/၌ ရပ်နေကြ၏။ သူတို့/သည် ပလ္လင်တော်/ရှေ့/၌ ဝပ်တွားခယ/လျက် ဘုရားသခင်/ကို ကိုးကွယ်ကြ၏။ 12 သူတို့/က
“အာမင်။
ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊
ဉာဏ်ပညာ၊ ကျေးဇူးတော်/ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊
တန်ခိုး၊ အစွမ်းသတ္တိတို့/သည်
ငါတို့/၏/ဘုရားသခင်/အပေါ် အစဉ်/ထာဝရ/တည်ရှိပါစေသော။
အာမင်”
ဟု ဆိုကြ၏။
13 အကြီးအကဲများ/ထဲမှ တစ်ပါး/က “ဝတ်ရုံဖြူ/ဝတ်ထားသည့် ဤ/သူတို့/သည် မည်သူတို့နည်း။ မည်သည့်/အရပ်/မှ လာကြသနည်း” ဟု ကျွန်ုပ်/အား မေး၏။ 14 ကျွန်ုပ်/က “အရှင်… အဖြေ/ကို အရှင်/သိပါ၏” ဟု/ပြန်လျှောက်/လျှင် ထို/သူ/က “ဤ/သူတို့/သည် ကြီးမားသော/ဒုက္ခဆင်းရဲ/ကို ဖြတ်ကျော်လာသော/သူများ/ဖြစ်ကြ၏။ ထို/သူတို့/သည် သိုးသငယ်တော်/၏/သွေး/၌ မိမိတို့/ဝတ်ရုံများ/ကို ဖြူစင်အောင်/လျှော်ကြပြီ။
15 ထို့ကြောင့် သူတို့/သည် ဘုရားသခင်/၏ ရာဇပလ္လင်တော်/ရှေ့ ကိုယ်တော်/၏/ဗိမာန်တော်/၌
နေ့ည/မပြတ် ဘုရားသခင်/ကို ဝတ်ပြုကြ၏။
ရာဇပလ္လင်တော်/ပေါ် ထိုင်တော်မူသော/အရှင်/သည်/လည်း
သူတို့/နှင့်အတူ/ရှိ/၍ ကာကွယ်/စောင့်ရှောက်တော်မူ/လိမ့်မည်။
16 သူတို့/သည် နောက်တစ်ဖန် ဆာလောင်တော့မည်/မဟုတ်။
ရေငတ်တော့မည်/မဟုတ်။
နေရောင်ခြည်/နှင့် ပြင်းထန်သော/အပူဒဏ်/ကြောင့်လည်း
ထိခိုက်မှု/ရှိတော့မည်/မဟုတ်။
17 အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်တော်/အလယ်/၌/ရှိသော သိုးသငယ်တော်/သည်
သူတို့/၏/သိုးထိန်း/ဖြစ်/၍
အသက်/စမ်းရေတွင်း/သို့ ပို့ဆောင်တော်မူမည်/ဖြစ်/သောကြောင့်/ပင်။
ဘုရားသခင်/သည် သူတို့/၏ ရှိသမျှ/မျက်ရည်တို့/ကို သုတ်ပေးတော်မူ/လိမ့်မည်”
ဟု/ဆို၏။